
ဆားခါးသည် နှလုံးခုန်နှုန်း မြင့်တက်ခြင်းကို လျော့ကျစေသည်။သွေးလှည့်ပတ်မူ အားကောင်းစေပြီးသွေးခဲခြင်း၊သွေးကြောနံရံများ ကျဉ်းမြောင်းခြင်းကို ကာကွယ်ပေးသည်။ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး လက်သည်း၊ခြေသည်း၊အရေပြားမှိုစွဲခြင်းများကို ပျောက်ကင်းစေသည်။လိပ်ခေါင်းရောဂါသမားများအတွက် ဝမ်းနှုတ်ဆေးအဖြစ် အသုံးပြုနိုင်ပါသည်။ညအိပ်ခါနီး ရေနွေးထဲတွင် ဆားခါးထည့်ကာ ခြေထောက် စိမ်ပေးခြင်းအားဖြင့် အပူများလျော့ပါးစေပြီး မျက်စိအားကောင်းစေရုံသာမက ဆံပင်ကျွတ်ခြင်းကိုလည်း ကာကွယ်ပေးပါသည်။
