Mosquito Repellent

ဆေးမြတ်တော်ဝင်
ခြင်မကိုက်ဆေးရည်
သုံးစွဲရန်အညွှန်း
ခြင်မကိုက်စေရန် ဖျန်းသောဆေးဖြစ်ပါသည်။
ပါဝင်ပစ္စည်းများ
စပါးလင်အဆီ၊ လာဗင်ဒါအဆီ၊ citronella အဆီနှင့် ကတ္တီပါပန်းဝါအဆီတို့ အဓိကပါဝင်သည်။
အသုံးပြုပုံ
ခြင်ကိုက်ခံရခြင်းမှကာကွယ်ရန်အတွက် အရေပြားပေါ်တွင်ဖျန်း၍အသုံးပြုနိုင်ပါသည်။ အသုံးမပြုခင် ဆေးပုလင်းအားလှုပ်၍ သုံးရန်။
သတိပြုရန်
ထိခိုက်ဒဏ်ရာများ၊ မျက်လုံး၊ ပါးစပ်နှင့် နှုတ်ခမ်းအတွင်းသို့ မဝင်ရောက်စေရန်၊ ခန္ဓာကိုယ်ပြင်ပတွင်သုံးရန်။ ယားယံခြင်း၊ ပူလောင်ခြင်းများခံစားရပါက ဆက်လက်သုံးစွဲခြင်းမပြုရန်။
ထားသိုရန်နည်းစနစ်
အဖုံးလုံအောင်ပိတ်ပြီး အေး၍ ခြောက်သွေ့သော နေရာတွင် ထားပါ။

Say Myat Taw Win
Herbal Mosquito Repellent Spray
Indications
To prevent mosquito bites.
Ingredients
Lemongrass Oil, Lavender Oil, Citronella Oil, Marigolds Oil and Excipients.
Direction
Spray on the skin to prevent mosquito bites. Shake the bottle before use.
Precautions
For external use only. Avoid contact with mouth, lips, eyes & open wounds. Stop using it, if any irritation or burning sensation occur.
Storage Condition
Keep tightly closed and store at cool and dry place.

ခြင်ကိုက်ခံရမှာလဲကြောက်တယ် ကလေးငယ်လေးများရဲ့ နုနယ်လှတဲ့ အသားအရေ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာပြသနာတွေအတွက်စိုးရိမ်နေပါသလား။ ဒါဆိုရင်တော့ ဆေးမြတ်တော်ဝင် ခြင်မကိုက်ဆေးရည်ကိုသာသတိရလိုက်ပါနော်။ သဘာ၀စပါးလင်ဆီကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ သဘာ၀အော်ဂဲနစ် ခြင်မကိုက်ဆေးရည် ဖြစ်ပါတယ်။ အရေပြားကို အန္တရာယ်ဖြစ်စေတတ်တဲ့ ဓာတုဒြပ်ပေါင်းတွေ လုံး၀ မပါဝင်လို့ ကလေးသူငယ်များအတွက်ပါ စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။ အသားအရည်ထိခိုက် ပူလောင်ခြင်းလုံး၀မရှိတဲ့အပြင် သဘာ၀ဆေးဖက်ဝင် အပင်များမှ ထုတ်လုပ်ထားတဲ့ သဘာ၀အနံ့ဖြစ်လို့ ဘေးထွက်ဆိုးကျိုးလုံး၀မရှိဘဲ ခြင်အန္တရာယ်မှ ထိရောက်စွာ ကာကွယ်နိုင်ပါတယ်။ကလေးအသက် ခြောက်လမှစပြီး ခန္ဓာကိုယ်အရေပြားပေါ်မှာ ဖြန်းပေးနိုင်ပါတယ်။ G6PD Deficient လို့ခေါ်တဲ့ G6PD ဓါတ်ချို့ယွင်းနေသောကလေးများအတွက်လည်းအသုံးပြုနိုင်ပါသည်။ သားသမီးဆိုတာ မေမေတွေရဲ့ ရတနာတွေပါ။ ဆေးမြတ်တော်ဝင်က မေမေတို့ရဲ့ ရတနာလေးတွေကို ခြင်အန္တရာယ်ကနေ ကင်းဝေးအောင် စောင့်ရှောက်ပေးဖို့ တာဝန်ယူပါရစေနော်။ (Review By Motherhood By Thet Su)

It is a DEET-Free formula. Made with lemongrass oil, lavender Oil, Citronella Oil, Marigolds Oil. Can be used in G6PD-deficient children. Herbal mosquito and insect repellent for all age groups.

ကလေး-၆လ အထက်မှစတင်ပြီး အသုံးပြုနိုင်ပါသည်

မှတ်ချက်-သောက်သုံးရန်မသင့်

Design a site like this with WordPress.com
Get started